Tuesday, June 1, 2010

မင်းကြောင့်


အချစ်ရေ ....
မင်းကြောင့်
ဟောဒီကမ္ဘာလောက ... ပန်းတွေပွင့်လာရသတဲ့ကွယ်...။

ငါ့မှာတော့ .. ရင်ခွင်ပျိုးခင်းတစ်ခုလုံး..ပိုးတွေကိုကျလို့..။

အချစ်ရေ...
မင်းကြောင့်..။
အနာဂတ်ဟာ..တောက်ပလာတယ်ဆို...။
ငါ့မှာတော့..
ရည်ရွယ်သမျှအားလုံး... ကဗြောင်းကဗြန်ကိုဖြစ်လို့....။

အချစ်ရေ..
မင်းကြောင့်..။
ဘ၀ဟာအဓိပ္ပါယ်ရှိရသတဲ့လား....။
ငါ့မှာတော့...
ရှင်သန်ခြင်းကိုနားမလည်နိုင်တော့ဘူး...။

အချစ်ရေ
မင်းထွက်သွားတော့
ပွေ့ဖက်ထားရင်းတောင်းပန်ပါရစေ။............။

No comments:

Post a Comment