Wednesday, September 7, 2011

ကြယ်စင်တစင်း မွေးဖွားခြင်း။



မကြုံဖူးသောအချစ်

မခုန်ဖူးသောရင်ခုန်သံ

မမြင်ဖူးသောမြင်ကွင်း

ကြည့်မ၀သောအလှ

အမြတ်နိုးဆုံးရတနာ

အလင်းလက်ဆုံးကြယ်

“ကြယ်စင်ငယ်”


Saturday, September 3, 2011


တနေ့သောအခါ ထိုင်ငေးရင် အတွေ ပင်လယ်က ဖြတ်တိုက်လိုက်တဲ့

လေတွေက အင်တာနက်ပေါ်ရောက်လာကြတယ်

အဆုံးအစမရှိတဲ့ ဟိုးအဝေးမှာ ဘာတွေရှိပါလိမ့်

သဲသောင်ပြင်ပေါ်ရေးခြစ်မိတဲ့ ပုံရိပ်အမျိုးမျိုးကလည်း

တပုံပြီးတပုံ ပျောက်ပျက်သွား များလှပေါ့ ကိုယ့်ကိုတောင်ဘယ်နေ့

လာတိုက်စား မျောပါသွားမလဲ ဒီလိုပဲ စောင့်စားနေရတာ

ကြောက်စရာကောင်းလွန်းလို့ ကြောက်ရမှန်းလည်းမသိတော့

အတိတ်ကိုပြန်တွေးတိုင်း မယုံနိုင်စရာအမှားတွေက ကိုယ့်မျက်နှာကို

ကိုယ်ပြန်မကြည့်ရဲ အဆိုးဆုံးက မှားတာမဟုတ် အမှားကိုသိလျက်နဲ့

ပြင်မနိုင်တာတွေလေ လှိုင်းကြက်ခွပ်တွေနဲ့အတူ တလှုပ်လှုပ်မျောပါ

နေတဲ့ အတ္တတွေကို မျက်ခြေမပြတ်အာရုံပြုရင် မမြဲတာလည်းသိလျက်နဲ့

ပျောက်သွားမှာကိုလည်း စိုးရိမ်တကြီး ပူလောင်နေမိတယ်

ပင်လယ်ပြင်ကတိုက်ခတ်လာတဲ့တဏှာလေ တွေကို တရှိုက်မက်မက် ရှုရှိုက်ရင်

ခန္ဓာထဲမှာ အကုသိုလ်တွေ လေးလံလာတာသတိထားမိတယ်

တချက်ချက်လင်းလက်လာတဲ့ အသိတရားဥာဏ်ပညာအလင်းတွေကို

အာရုံစိုက်ရမယ့်အစား အားတက်သရော ကျောခိုင်းမျက်နှာလွှဲနေမိတုန်း။

ဥက္ကာငယ်ဆိုတာကို ပီပြင်သထက်ပီပြင်အောင်ထုဆစ်ဖို့ ကြိုးစားရင်းနဲ့

မှုန်ရီေ၀၀ါး မထင်မရှား တဖြည်းဖြည်းပျောက်ကွယ်သွားတော့မှာကို

ထိုင်ကြည့်ရုံကလွဲပြီး ငါဘာတတ်နိုင်သေးလဲ ။ အဲဒါကိုစဉ်းစားတုန်း

ဆည်းဆာချိန်ကနီးလာတယ် ။

ဒီလိုနဲ့ အဆုံးအစမထင်တဲ့သံသရာမှာ …..

မျောပါရင်း ငါမသိလိုက်တဲ့ ငါ့အတ္တတွေက ငါ့ကိုစေစားတာခံရင်း

ခံရင်း …. ငါဟာ ဘယ်အထိဆက်မှားနေဦးမှာလဲ……………….