
တနေ့သောအခါ ထိုင်ငေးရင်း အတွေး ပင်လယ်က ဖြတ်တိုက်လိုက်တဲ့
လေတွေက အင်တာနက်ပေါ်ရောက်လာကြတယ် ။
အဆုံးအစမရှိတဲ့ ဟိုးအဝေးမှာ ဘာတွေရှိပါလိမ့် ။
သဲသောင်ပြင်ပေါ်ရေးခြစ်မိတဲ့ ပုံရိပ်အမျိုးမျိုးကလည်း
တပုံပြီးတပုံ ပျောက်ပျက်သွား များလှပေါ့ ။ ကိုယ့်ကိုတောင်ဘယ်နေ့
လာတိုက်စား မျောပါသွားမလဲ ဒီလိုပဲ စောင့်စားနေရတာ
ကြောက်စရာကောင်းလွန်းလို့ ကြောက်ရမှန်းလည်းမသိတော့ ။
အတိတ်ကိုပြန်တွေးတိုင်း မယုံနိုင်စရာအမှားတွေက ကိုယ့်မျက်နှာကို
ကိုယ်ပြန်မကြည့်ရဲ ။ အဆိုးဆုံးက မှားတာမဟုတ် အမှားကိုသိလျက်နဲ့
ပြင်မနိုင်တာတွေလေ ။ လှိုင်းကြက်ခွပ်တွေနဲ့အတူ တလှုပ်လှုပ်မျောပါ
နေတဲ့ အတ္တတွေကို မျက်ခြေမပြတ်အာရုံပြုရင်း မမြဲတာလည်းသိလျက်နဲ့
ပျောက်သွားမှာကိုလည်း စိုးရိမ်တကြီး ပူလောင်နေမိတယ် ။
ပင်လယ်ပြင်ကတိုက်ခတ်လာတဲ့တဏှာလေ တွေကို တရှိုက်မက်မက် ရှုရှိုက်ရင်း
ခန္ဓာထဲမှာ အကုသိုလ်တွေ လေးလံလာတာသတိထားမိတယ် ။
တချက်ချက်လင်းလက်လာတဲ့ အသိတရားဥာဏ်ပညာအလင်းတွေကို
အာရုံစိုက်ရမယ့်အစား အားတက်သရော ကျောခိုင်းမျက်နှာလွှဲနေမိတုန်း။
ဥက္ကာငယ်ဆိုတာကို ပီပြင်သထက်ပီပြင်အောင်ထုဆစ်ဖို့ ကြိုးစားရင်းနဲ့
မှုန်ရီေ၀၀ါး မထင်မရှား တဖြည်းဖြည်းပျောက်ကွယ်သွားတော့မှာကို
ထိုင်ကြည့်ရုံကလွဲပြီး ငါဘာတတ်နိုင်သေးလဲ ။ အဲဒါကိုစဉ်းစားတုန်း
ဆည်းဆာချိန်ကနီးလာတယ် ။
ဒီလိုနဲ့ အဆုံးအစမထင်တဲ့သံသရာမှာ …..
မျောပါရင်း ငါမသိလိုက်တဲ့ ငါ့အတ္တတွေက ငါ့ကိုစေစားတာခံရင်း
ခံရင်း ….။ ငါဟာ ဘယ်အထိဆက်မှားနေဦးမှာလဲ……………….။
No comments:
Post a Comment