Wednesday, December 26, 2012

နေမြင့်ကော်ဖီ

နေမြင့်ကော်ဖီတွေနဲ့ပဲ
နှစ်သစ်ကိုကူးရတော့မလား
အားမရှိတဲ့အနာဂတ်ကို
ခနော်ခနဲ့အတွေးတွေနဲ့အားယူ
ပူလောင်နေဆဲဒီဇင်ဘာတွေက
ဘာလို့ ပုံမှန်မဟုတ်တော့တာလဲ
ပုံမှန်မဟုတ်တဲ့ရာသီတွေနဲ့
ပုံမှန်မဟုတ်တဲ့နေ့ရက်တွေ
ပုံမှန်မဟုတ်တဲ့အတွေးတွေ
ပုံမှန်မဟုတ်တဲ့.........
ပုံမှန်မဟုတ်တဲ့.........
ပုံမှန်မဟုတ်တဲ့.........
ပုံမှန်မဟုတ်တဲ့ကော်ဖီတွေ
အရသာမသိဘဲမျိုချနေဆဲ။ ။ ။

No comments:

Post a Comment