Wednesday, August 10, 2011

မြန်မာ့အားကစား ကမ္ဘာမှာ နွမ်းပြီ

ကမ္ဘာ့ဖလား ခြေစစ်ပွဲဒုတိယပွဲစဉ်အဖြစ် အိမ်ရှင်မြန်မာအသင်းနှင့် အိုမန်အသင်းတို့သည်
ဇူလိုင်လ (၂၈) ရက်မြန်မာစံတော်ချိန်ညနေသုံးနာရီခွဲတွင်ကန်ကြရမည်ဖြစ်ရာ ဧည့်သည်
အိုမန်အသင်းသည် ယင်းတို့နိုင်ငံတွင်း ၂ ဂိုး ၀ ဖြင့်ပြီးစီးခဲ့သောပထမပွဲစဉ်ပြီးသည်နှင့် မြန်မာအသင်း
ထက်စောစီးစွာ ရန်ကုန်မြို့သို့ကြိုတင်ရောက်ရှိနေခဲ့သည်။ ငွေရေးကြေးရေးပြည့်စုံသောအိုမန်
အသင်းသားတို့သည် စင်းလုံးငှားလေယာဉ်ဖြင့် ၄င်းတို့ကန်ရမည့်မြန်မာကွင်းတွင်ကြိုတင်လေ့
ကျင့်ခန်းများဆင်းလျက် ဘုရားလည်းဖူးလိပ်ဥလည်းတူး ဆိုသည့်အတိုင်း မြန်မာတို့၏ကျက်
သရောဂုဏ်ဆောင်ရွှေတိဂုံစေတီတော်မြတ်ကြီးကိုသွားရောက်ဖူးမြော်ခဲ့ကြသည်ဟုအားကစား
သတင်းဌာနတခုဖြစ်သော soccer Myanmar သတင်းကြောင့်သိရသည်။ ထိုသတင်းတွင်
အိုမန်အသင်းအတွက်အလွန်အားထားရသောမွတ်ဆလင်ဘာသာဝင်(၀ီဂန်ဂိုးသမားဟုလူသိများသူ)
ဂိုးသမားအယ်ဟာစီဆိုသူသည် ရွှေတိဂုံစေတီတော်မြတ်အားဖူးမြော်အပြီးသတင်းထောက်များနဲ့တွေ့ရာတွင်
ပြောကြားရာ၌ ရွှေတိဂုံစေတီတော်ကိုအလွန်ထူးဆန်းအံ့သြစွာမှင်သက်မိသည်အထိအံ့သြဘနန်း
ဖြစ်ခဲ့မိကြောင်း ။သူသည်နိုင်ငံတကာကို ရောက်ခဲ့ဖူးသူဖြစ်ပြီး ယခုကဲ့သို့မြန်မာနိုင်ငံတွှင်ရွှေတောင်
ကြီးသဖွယ်ဖြစ်သော အံ့သြဖွယ်လက်ရာများမွှမ်းထုံနေသော စေတီတော်ကြီးကိုတွေ့ရလိမ့်မည်မထင်
မှတ်ထားခဲ့ကြောင်းမှတ်ချက်ပြုခဲ့လေသည်။ ဆက်လက်၍သိရသည်မှာ ထိုဘောလုံးအသင်းမှဘုရား
ပေါ်သို့တက်ရောက်လေ့လာရာတွင် တာဝန်ရှိသူများဘက်မှ အထူးဧည့်သည်များအဖြစ်အသိအမှတ်
ပြုသည့်အနေဖြင့် အခမဲ့တက်ရောက်လေ့လာစေရန်စီစဉ်ပေးခဲ့သော်လည်း အိုမန်တို့ကလက်မခံ
ဘဲ ကျသင့်သည့်အခကြေးငွေများအားလုံးကိုတန်ဖိုးထားရှင်းလင်းပေးခဲ့ကြောင်းသိရသည်။
မနေ့က ကွာတားဖိုင်နယ်ဒုတိယပွဲစဉ်အဖြစ် အိမ်ရှင်မြန်မာနှင့် အိုမန်အသင်းတို့ယှဉ်ပြိုင်ကြရာတွင်
ထင်မှတ်ထားသည့်အတိုင်းမြန်မာပရိသတ်များတဖွဲဖွဲဖြင့် အင်ပြည့်အားပြည့်လာရောက်အားပေး
ကြသည်ကိုတွေ့ရသည် ။ နိုင်ငံတော်သီချင်းကိုဆိုပြီးဆိုပြန်သံပြိုင်ဟစ်ကြွေးကြသည်ကိုလည်း
ကြားနေရသည်။ တီးသံမှုတ်သံအော်ဟစ်သံများဖြင့်အိုမန်အသင်းတွင်ကစားခဲ့စဉ်တွေ့ရသော
အိုမန်ပရိသတ်များထက်အဆမတန်များပြားသောလူအုပ်ကြီးများကို အိုမန်အသင်းတို့တွေ့ကြုံ
ခဲ့ရသည် ။ [IMG]
This image has been resized. Click this bar to view the full image. The original image is sized 568x376.
Uploaded with ImageShack.us[/IMG]်ကြည့်ပါ မိမိတို့ထက်သာသည့်အသင်းများကိုအိမ်ကွင်းတွင် ပရိသတ်အင်အားဖြင့်အနိုင်ယူလေ့
ရှိခဲ့သည့်အစဉ်အလာအတိုင်း မြန်မာတို့ အားထုတ်ကြလေပြီ ။ တချို့ကလည်းမိုးရွာလျှင်မိုးထဲလေထဲ
ရေထဲတွင်ကန်လေ့မရှိသည့်နိုင်ငံခြားအသင်းကိုပို၍အသာစီးရမည်ဟူသောအတွေးဖြင့် မိုးခေါ်တေး
ဆိုလျက် အနိုင်ရရေးအတွေးကောင်းသူများလည်းဒုနဲ့ဒေး။ အဝေးကွင်းတွင်အိုမန်ကဲ့သို့အာရှအဆင့်
အသင်းကို နှစ်ဂိုးသွင်းခံထားရသော မြန်မာအသင်းသည် အိမ်ကွင်းတွင်ပရိသတ်အားကိုး၊မိုးအားကိုး
ဖြင့် ဖိကစားကာ ဗွေဆော်ဦးဂိုးသာသွင်းနိုင်ခဲ့ပါကအလွန်ကြည့်ကောင်းသွားမည်ကိုမိမိအပါအ၀င်
လူတိုင်းကမျှော်လင့်ထားကြမည်မှာမလွဲပေ ။ ထို့ပြင် အိုမန်လိုအသင်းမျိုးအားအိုမန်အသင်းတွင်
သူတင်ကိုယ်တင် အားကြိုးမာန်တက်ကစားနိုင်ခဲ့သောပြီးခဲ့သည့်ပွဲစဉ်မှမြန်မာ့လက်ရွေးစင်ဘောလုံး
သမားများ၏အားထုတ်မှု ခြေစွမ်းကိုရှုံးခဲ့သော်လည်းအားရခဲ့မိကြောင်း နည်းပြချုပ်ဦးဆန်းဝင်းမှ
ကောက်ချက်ချခဲ့သလို မျှော်လင့်ချက်ဖြင့်အသက်ရှင်နေကျ မြန်မာပရိသတ်များကလည်း အမှတ်မရှိ
မျှော်လင့်ကြမည်မှာလည်းမြေကြီးလက်ခက်မလွဲ ။

ရွှေတိဂုံစေတီတော်မြတ်ကြီး၏ဘုန်းကျက်သရေ အရိပ်အာဝါသအောက် ။ သုဝဏ္ဏအားကစားကွင်း
ဟုအမည်တွင်သော ရန်ကုန်မြို့ကြီး၏အထင်ကရ အားကစားဝင်းတွင် ရွှေလူမျိုး ဟု မိမိတို့ကိုယ်မိမိ
တို့အမွှမ်းတင်လေ့ရှိသော လူအုပ်ကြီးသည် ၀င်လာမစဲတသဲသဲ နိုင်ငံတော်သီချင်းအားတဟဲဟဲဖြင့်
အားပေးကြလေပြီ ။ ပြိုင်ပွဲအစတွင် အကြိတ်အနယ်ရှိနေခဲ့ပြီး ၂၁ မိနစ်အရောက်တွင် အိုမန်ဘက်မှ
ဦးဆောင်ဂိုးစသွင်းနိုင်ခဲ့သည် ။ ဆက်လက်၍ ၃၇ မိနစ်တွင် မြန်မာတို့၏ဂိုးမရရေးအပြင်းအထန်ကာ
ကွယ်မှုတွေကြောင့် မြန်မာအသင်းပင်နယ်တီအပေးခံရသည် ။ ထို့နောက်ထို့နောက်တွင်မူ …….
ရွှေမြန်မာပရိသတ်များဆီမှ ရွှေသုဝဏ္ဏကွင်းအတွင်းသို့ ထီးများ ၊ ဖိနပ်များ ၊ ကွမ်းတံတွေးထုပ်များ ၊
ကွမ်းတံတွေးဗူး ၊ ကွန်ပါဘူးများ ၊ ခဲများ ၊ ရေသန့်ဗူးများ ၊ ထမင်းထုပ်များ တဖွဲဖွဲ မိုးရွာစေချင်သကဲ့သို့
ကျရောက်လာသည်ကိုအင်တာနက်မှကြားသိရလေသည် ။ယှဉ်ပြိုင်နေကြစဉ်တွင်ဂိုးသမားအယ်လ်ဟာစီမှာ ပရိသတ်ဆီမှပစ်ပေါက်သောပစ္စည်းများထိမှန်မည်စိုး၍ဂိုးအနားသို့ပင်မကပ်ရဲကြောင်း
အင်တာနက်သတင်းအရသိရသည် ။(ရွှေအာဏာပိုင်များဘက်မှလည်းမိမိတို့ရွှေလူမျိုးများအား ထိန်းသိမ်းနိုင်ခြင်းမရှိခဲ့ ။ ဘောလုံးအဖွဲ့ချုပ်၏ဥက္ကဋ္ဌ ဖြစ်သောဦးဇော်ဇော်သည်လည်းကွင်းအတွင်းမှနေ၍ ပွဲစဉ်ဖျက်သိမ်းလိုက်ရသည့်အနေအထားသို့မရောက်စေရန် ပရိသတ်များရှိရာဘက်
သို့လက်အုပ်လေးတချီချီဖြင့် ကန်တော့ တောင်းပန်လျက်အားပေးမှုကိုရပ်တန့်စေရန်ကြိုးစားခဲ့ရာ
ဥက္ကဋ္ဌဖြစ်သူ ကိုယ်တိုင်ထံသို့ လည်းအထက်ပါပစ္စည်းများဖြင့်ပစ်ပေါက်ခြင်းကိုခံခဲ့ရလေသည်။
နောက်ဆုံးတွင်ထိုပွဲစဉ်သို့လာရောက်ကြီးကြပ်သူနှင့်ဒိုင်လူကြီးများလိုလားသည့်အတိုင်းပွဲစဉ်အား
ဖျက်သိမ်းခံလိုက်ရလေသည် ။ ယခုကဲ့သို့အားပေးမှုမျိုးကြောင့်နောက်ထပ်ပွဲစဉ်များအားထပ်မံကစားရရန်မသေချာတော့ကြောင်းနှင့်
အပြစ်တင်မည်ဆိုလျှင်လည်းမိမိကိုသာ အပြစ်တင်ကြရန် မိုက်ကရိုဖုန်းဖြင့်ကြေငြာသွားခဲ့ကြောင်း
သိရလေသည်။ ရွှေမြန်မာတို့၏ နိုင်လျှင်ပြုံးရှုံးလျှင်မဲ စိတ်ဓာတ်သည်ကားအံ့သြစရာကမ္ဘာကျော်
ခဲ့လေပြီတည်း ။ ထိုပွဲစဉ်အား အင်တာနက်တွင်တိုက်ရိုက်လွှင့်တင်သောဝက်ဆိုဒ်မရှိဟုသိရသဖြင့်
သာတော်တော့သည် ။ သို့မဟုတ်လျှင် ဒီ့ထက်မက ကမ္ဘာကျော်ပေတော့မည် ။ အင်တာနက်မှကြည့်
ရှုခွင့်ရရန် လင့်ခ် တခုခုတောင့်တနေသော စာရေးသူတို့သည်လည်း (တခါတလေလိုတာမရလိုက်ခြင်း
သည် ကံကောင်းခြင်းတမျိုးဖြစ်၏) ဆိုသော မိတ်ဆွေတယောက်၏အာဘော်ကိုသွားရောက်သတိရ
မိလေတော့သည် ။
နိဂုံးချုပ်ဆိုသော် ညီညီသစ်ပြောသည့်အတိုင်း ငါးခုံးမတကောင်ကြောင့်တလှေလုံးပုပ် ဖြစ်ရချေပြီ။
ယခုအဖြစ်မှာကားငါးခုံးမကတကောင်တည်းမကဘဲအုံနဲ့ကျင်းနဲ့ဖြစ်သဖြင့်တတိုင်းပြည်လုံးပုပ်ရချေ
တော့မည်တကား ။ ရှက်ဖွယ်လိလိ ။ အရှက်မရှိသည့်လူမျိုး ။ အနိုင်ကိုသာ တရားသဖြင့်မတရား
သဖြင့်ရယူလိုဇောရှိပြီးအရှုံးကိုဂုဏ်ယူစွာလက်မခံတတ်သော၊အရှုံးကိုကျေနပ်နိုင်စွမ်းအားကစားစိတ်
မရှိသောလူမျိုး ဟုသက်သေပြခဲ့ကြချေပြီ ။ ရွှေတိဂုံစေတီတော်ကြီးကိုဖူးမြင်ရစဉ်အံ့သြမင်တက်ဖြစ်
ခဲ့သော ၀ီဂန်ဂိုးသမားကြီး အပါအ၀င်အိုမန်အသင်းသားတို့သည်လည်း ရွှေမြန်မာတို့၏ အားပေးမှု
နှင့် အားကစားစိတ်ကိုမြင်လေသောအခါ ဘုရားကိုမြင်စဉ်ကထက်အဆများစွာ အံ့သြမင်တက်မှု
ဖြစ်စေခဲ့မည်ဟု ယုံကြည်ရလေသည် ။ အံ့သြကြပေရော့ ။ နိုင်ငံတော်၏အားကစားတိုးတက်မှုကိုဦး
ဆောင်တာဝန်ယူလျက်ရှိသော အဖွဲ့ချုပ်ဥက္ကဋ္ဌကိုယ်တိုင်လက်အုပ်ချီတောင်းပန်နေသည့်ကြားမှ
ထိုထိုမဖွယ်မရာပစ္စည်းအထွေထွေဖြင့်ပစ်ပေါက်ခဲ့ကြသော ဗုဒ္ဓဘာသာဝင်ရွှေမြန်မာတို့၏ခေါင်းဆောင်
အပေါ်လေးစားတန်ဖိုးထားမှုမျိုး၊သေနတ်ဖြင့်မပစ်သရွေ့မည်သည့်အာဏာပိုင်ရဲ့ထိန်းသိမ်းမှုမျိုးကိုမှ
(သင့်သင့်မသင့်သင့် )လက်မခံတတ်သော ဆူပူသောင်းကျန်းလိုမှုအရင်းခံစိတ်ဓာတ် ၊ ဧည့်သည်အသင်း
အပေါ်ညှာတာထောက်ထားရမည့် အိမ်ရှင်ကောင်းတို့၏ ထားရှိရမည့်ဝတ္တရားအသိစိတ်ကင်းမဲ့မှုတို့သည်
လည်းအံ့သြစရာအစစ်ဖြစ်ခဲ့လေပြီ ။ ပုထုဇဉ်သည် ထိုင်းနိုင်ငံတွင်းနေထိုင်သူဖြစ်၍ ထိုင်းတပါးသားတို့နှင့်
လက်ပွန်းတတီးနေသူဖြစ်သည် နဲ့အညီ ထိုင်းတပါးသားတို့၏ရွှေလူမျိုးများအပေါ်အထင်သေးအမြင်သေး
သဘောထားအမြင်များကိုအမြဲကြားရလေ့ရှိသူဖြစ်၏ ။ ထိုသို့ကြားသည့်အခါတိုင်း မပီကလာပီကလာ
ထိုင်းစကားဖြင့် အမုန်းခံ စောဒကတက် အမြဲရန်ပြန်တွေ့လေ့ရှိသူတယောက်ဖြစ်၏ ။ ထို့အတွက်လည်း
အမြဲတစေ အမုန်းခံရလေ့ရှိသည်သာဖြစ်သည် ။ ယခုလည်း မိမိတို့ကိုယ်မိမိ ရွှေ ဟုတင်စားတတ်သော
မြန်မာလူမျိုးတို့အားဝေဖန်သည့် စာတပုဒ်ကို အမုန်းခံ၍ အားရပါးရ၀မ်းနည်းစွာဖြင့်ရေးမိနေပြန်ပြီဖြစ်သည်။
၂၈ ရက်ဆိုတဲ့နေ့ကိုရောက်ဖို့ ပြက္ခဒိန်ခဏခဏကြည့် ၊ မနိုင်နိုင်ဘူးဆိုတာကို အသိစိတ်ကနားလည်နေ
လျက်နဲ့ မဖြစ်နိုင်တာဘာမှမရှိဘူး ကွ ။ ပရိသတ်အားနဲ့ဖိရင်နိုင်သွားနိုင်တယ်ဆိုသော မသိစိတ်ရဲ့
စေစားမှုတွေနဲ့ ဘယ်လင့်ခ်ကမှကြည့်မရတဲ့ပွဲကို soccer Myanmar မှတင်ဆက်သော live text comentarty အစီအစဉ်ဖြင့် စက္ကန့်မလပ်အားပေးမိသော မျိုးချစ်စိတ်တို့သည် အသိဥာဏ်မဲ့သော
သံချေးတက်နေသော ကြေးနန်းကြိုး မြန်မာပရိသတ်များကြောင့် ယူကျုံးမရအရှက်ရခဲ့လေပြီတကား။
တခါမှမရေးဖူးသောစာအရှည်ကြီးဖြင့်တခါမှမဖြစ်ဖူးသောလူမျိုးအတွက်အရှက်စိတ်ကို
ရသေ့စိတ်ဖြေရေးသားနေရာမှပုထုဇဉ်သည် လည်းစိတ်ဓာတ်ကျခြင်းမှလွဲ၍ပြောစရာစကားရှားပါးခဲ့လေပြီ။
မည်သို့ဖြေရလေမည်နည်း ။ ငါ့လူမျိုး ငါ့နိုင်ငံ ငါ့အားကစား ငါတို့ပရိသတ် ငါတို့စိတ်ဓာတ် ငါတို့အိမ်ကွင်း ငါတို့ဘောလုံး ငါတို့အားကစား ၊ တရားနဲ့ဖြေပြန်လည်း အတ္တစိတ်ဗလပွနဲ့ပုထုဇဉ်ပီပီ မြန်မာ့အားကစားလောကအတွက်တိုးတက်နိုးတိုးတက်လာနိုး ၊ နိုင်လေနိုး သာလာလေနိုးဖြင့် မရိုးမရွ ဣနြေ္ဒမရနိုင်သော အမျိုးကိုချစ်စိတ်က အားကစားအသံကြားတိုင်းဒုက္ခပေးမြဲ ။
မိုးလယ်ကာလအတွင်း ပရိသတ်များမျှော်လင့်သည့်တိမ်ရေတိမ်ခိုးမိုးအစစ်တို့မရွာဘဲ
ကျဉ်းမြောင်းသောသံချေးတက်မြန်မာပရိသတ်(အားလုံးမဟုတ်)ကြောင့် အရှက်မိုး ၊ အရှုံးမိုး ၊ သိမ်ငယ်မိုး ၊
ဝမ်းနည်းမိုး ၊ မျက်ရည်မိုး တို့သာ ဖြိုင်ဖြိုင်ရွာကျ ခဲ့ပါကြောင်း အားရပါးရ၀မ်းနည်းစိတ်ကိုမိသားစုမှာဖြေ
လိုက်ရပါကြောင်း ။

No comments:

Post a Comment