Monday, May 21, 2012

ရုတ်တရက်ဆိုင်ပေါ်ရောက်လာတဲ့လူနှ
စ်ယောက်ကိုအသွင်အပြင်လည်းသတိမ
ထားလိုက်မိဘူး..။ဘာစားမလဲမေးပြီးတော့မှဒီလူတွေဟာ ..စားသုံးသူတွေမဖြစ်
လောက်ဘူးလို့သိလိုက်တယ် ။ ဆိုင်ရှင်ဘယ်သူလဲ..အမေးမှာကျွန်တော်သိ
လိုက်တယ် ဒီလူတွေ ...ပုလိပ်တွေပဲလို့..။ မြန်မာတွေအခေါ်ကတော့ကြွက်ပေါ့။
ကားပေါ်ကိုထိုးတင်လိုက်တယ် ။ ကျွန်တော့်စိတ်မှာပိုက်ဆံတော့ကုန်ပြန်ပြီပေါ့
ဆိုတဲ့အတွေးနဲ့ ..ဟာ..ကနဲဖြစ်နေတာကလွဲပြီး ထိုင်းပုလိပ်ကိုကြောက်စိတ်က
စိုးစ...ဉ်းမျှမရှိခဲ့။ ။ ...တောင်းတဲ့ပမာဏကို ကိုက လျှော့ပေးဖို့တောင်းရင်း......
သွေးအေးအေးနဲ့ဈေးဆစ်နေရကောင်းလားဆိုပြီး သကောင့်သားတွေတင်းလာ
ပုံနဲ့တူတယ်။ ကို့ကိုရှေ့ခန်းကနေပြီး နောက်ခန်းပြန်ထိုင်ခိုင်းလိုက်တော့ပူလိုက်
တာ..။ ကျွန်တော်..ဒီအနောက်မှာထိုင်တာ..မကောင်းတာလည်းတခါမှမလုပ်
ဖူးဘဲနဲ့ ရှက်တယ်ဗျလို့ ပြောလိုက်တာကိုပုလိပ်တကောင်ကပြုံးတယ်လေ.။
ဒီလိုနဲ့ပေါ့ဗျာ...ကွန်ပြူတာကိုင်မိတဲ့...မြန်မာအလုပ်သမားတယောက်ကတော့
ထိုင်းရဲတွေရဲ့ငွေညှစ်မှုအောက်မှာ.....ရှိစုမဲ့စု ...ကျစ်ထားတဲ့..နှစ်ရွက်သုံးရွက
ထွက်သွားခဲ့ရပြန်တယ်..။ ကျွန်တော်က...သွေးအေးအေးနဲ့ ပြောတတ်ဆိုတတ်
လူရည်ဆန့်တဲ့ကောင်..။ မလည်မ၀ယ် ပြောမတတ်နားမလည်..အူကြောင်
ကြောင် မြန်မာအလုပ်သမားလေးတွေဆို..သူတို့ရဲ့ခြိမ်းခြောက်မှုအမျိုးမျိုး
အောက်မှာ...။ဘယ်လောက်တောင်...ဘ၀ပျက်သွားကြပြီလဲ..ကျွန်တော်တွေး
ရင်း....ပြည်ပရောက်အလုပ်သမားတွေအားလုံးအတွက်...မောသွားခဲ့တဲ့တနေ့
ပါပဲဗျာ..

No comments:

Post a Comment