Tuesday, October 26, 2010
နိုဝင်ဘာ(၇) ရက်နေ့ကျရင်
နိုဝင်ဘာ(၇)ရက်နေ့ ကျရင်
ကမ္ဘာပျက်မယ်။
နိုဝင်ဘာ(၇)ရက်နေ့ ကျရင်
သံပုံးတီးမယ်၊တောထုတ်မယ်။
နိုဝင်ဘာ(၇)ရက်နေ့ ကျရင်
ဆန်ဖရန်-ဂိုးဒင်းဂိတ်တံတားမှာ
ခွပ်ဒေါင်းအလံလွှင့်မယ်။
နိုဝင်ဘာ(၇)ရက်နေ့ ကျရင်
ရွှေတိဂုံမှာအောင်မြေနင်းမယ်။
နိုဝင်ဘာ(၇)ရက်နေ့ ကျရင်
ဆရာဦးဝင်းတင်နဲ့ စကားပြောမယ်။
နိုဝင်ဘာ(၇)ရက်နေ့ ကျရင်
ရန်ကုန်တက္ကသိုလ်ဘက်လှည့်ကြည့်မယ်။
နိုဝင်ဘာ(၇)ရက်နေ့ ကျရင်
အင်ဒီယားနား-ဖို့ တ်ဝိန်းမှာဆန္ဒပြမယ်။
နိုဝင်ဘာ(၇)ရက်နေ့ ကျရင်
ဆရာကြီးမှိုင်းအုတ်ဂူသွားကန်တော့မယ်။
အောင်ဝေး
(october 26,2010 ထုတ်မိုးမခ မှ ဆရာအောင်ဝေးရဲ့ကဗျာကိုကြက်သီးထသောအားဖြင့်ကူးယူတင်ပြပါသည်)
Sunday, October 24, 2010
ကြားသမားတွေရဲ့နိဂုံး(ထန်လိုင်းထန်ပေးပို့သည်)
အားပေးပြီးအစွမ်းကုန်ကူညီတတ်ဖို့လိုပါတယ်။ကျနော်တို့အားလုံးဟာဘ၀လို့ခေါ်တဲ့ ခရီးစဉ်ထဲက တစ်ဖောင်တည်းစီး ခရီးသွားဖော်ချင်း အတူတူပါ။
(24, 0ctober 2010) ပါမိုးသီးဇွန်ဘလော့မှနှစ်သက်သဖြင့်ကူးယူတင်ထားပါသည်.။
Monday, October 18, 2010
အာဏာရေးနှင့်ဘာသာရေး
ဝိနည်းဖောက်ဖျက်မှုနှင့် ကျောင်းပြဿနာ စသည့် အသေးအဖွဲကိစ္စကို ဂိုဏ်းထောက်နှင့် ဂိုဏ်းအုပ်က ဖြေရှင်းပေးပြီး အရေးကြီးသောပြဿနာကို ဂိုဏ်းချုပ်က ဖြေရှင်းသည်။ ဂိုဏ်းချုပ်၏ ဖြေရှင်းချက်ကို မကျေနပ်ပါက မြို့တော်၏ ကျောင်းထိုင်သော သာသနာပိုင်ထံ၌ အယူခံဝင်နိုင်၏။ ကျောင်းပိုင်ဆိုင်မှု၊ ရာဇ၀တ်မှု ကျူးလွန်မှု၊ သင်းခွဲထောင်ပြီး သီးခြားအယူဝါဒပို့ချမှု စသည့်ပြဿနာများကို ဂိုဏ်းချုပ်က ဖြေရှင်းရသည်။ စည်းကမ်းဖျက်သူကို သင်္ကန်းချွတ်ပြီး လူဝတ်လဲခိုင်းသည်။ ရာဇ၀တ်မှုကျူးလွန်သူကို လူဝတ်လဲစေပြီး အရပ်တရားရုံး၌ စစ်ဆေးစေသည်။
သို့သော်လည်း သာသနာပိုင်နှင့် လက်အောက်ခံ အမှုထမ်းသံဃာများသည် ၎င်းတို့၏စီရင်ချက်ကို ၎င်းတို့ဘာသာ အကောင်အထည်ဖော်နိုင်သော အခြေအနေမရှိသောကြောင့် ရှင်ဘုရင်ကို အားကိုးရ၏။ တနည်းဆိုရင် သာသနာပိုင်၏ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ရန် အာဏာရှိသော ဘုရင်ကို အားကိုးရသည်။ သံဃာ့ကိစ္စဆောင်ရွက်ရန် ၀တ်မြေ၀န်နှင့် မဟာဒါန်ဝန်ကို ဘုရင်က ခန့်ထားသည်။ သာသနာ့မြေနဲ့ကျွန်ကို ထိန်းသိမ်းကြီးကြပ်ပြီး မြေခွန်ကောက်ယူသည့် တာဝန်ကို ၀တ်မြေ၀န်က ထမ်းဆောင်ရ၏။ မဟာဒါန်ဝန်သည် ရဟန်းဝတ်များ၏။ အသေးစိတ်စာရင်းကို နှစ်စဉ်စုဆောင်းပြီး သာသနာပိုင်ကို တင်ပြသည့်အတွက် သံဃာစိစစ်ရေးကဲ့သို့ ဖြစ်နေသည်။ သို့သော် ၀ိနည်းသိက္ခာပုဒ်ကို အဓိပ္ပာယ်ဖွင့်ဆိုရာ၌ သာသနာပိုင်သည် အမြင့်ဆုံးအာဏာပိုင်ဖြစ်၍ သာသာနာပိုင်က ဆုံးဖြတ်ထားသည့်အမှုကိစ္စများကို ဘုရင့်လွှတ်တော်နှင့် တရားရုံးများတွင် အယူခံဝင်ခွင့်မရှိပါ။
ဗမာဘုရင်စနစ်နှင့် ဟိန္ဒူနှင့် ဗုဒ္ဓဘာသာဓလေ့က ကျားကန်ပေးထားသည်။ ဘုရင့်သြဇာအာဏာအစွမ်းထက်ရန် နန်းတွင်းအမှုထမ်း ဗြဟ္မဏအနွယ်ဝင် ပုဏ္ဏားက အခမ်းအနားလုပ်၍ ဂါထာမန္တန်ရွတ်ဖတ်သရစ္ဈာယ်မှုနှင့် ဗေဒင်ဟောမှုသည် ဟိန္ဒူဓလေ့ဖြစ်၏။ ဗုဒ္ဓံ ဓမ္မံ သံဃံ ဆိုသော ဘုရားတရားသံဃာကို ကိုးကွယ်ဆည်းကပ်ကာ သာသနာ့ဒါယကာအဖြစ် အုပ်ချုပ်မင်းလုပ်သည့်အတွက် ဗုဒ္ဓဘာသာဝင်တိုင်း တိုင်းသူပြည်သား၏ ထောက်ခံမှုကို ရယူခြင်းသည် ဗုဒ္ဓဘာသာဓလေ့ဖြစ်၏။ ဗုဒ္ဓံ ဓမ္မံ သံဃံကို ကာကွယ်စောင့်ရှောက်သောမင်းသည် တရားဝင်အုပ်ချုပ်ပိုင်ခွင့်ရှိသည်ဆိုသော သဘောဖြစ်၏။ ဗြဟ္မဏပုဏ္ဏား၏ နက္ခတ်ဗေဒင်နှင့် ဂါထာမန္တန်အတတ်ပညာကို ဗုဒ္ဓဘာသာဝင်ဆိုသူ ဗမာမင်းက အထင်ကြီးပုံရသည်။ (၁၈) ရာစု ဗမာမင်းဘိုးတော်ဘုရားလက်ထက်၌ ဗြဟ္မဏပုဏ္ဏားတရာကျော် နန်းတွင်း၌ ခန့်ထားကြောင်း သိရသည်။ စေတီပုထိုးနှင့် နတ်ကွန်းတည်ဆောက်ရာ၌ ဗမာမင်းနာမည်ရသည်။ ပြည်သူ့အကျိုးသယ်ပိုး၍ တိုင်းပြည်သာယာဝပြောအောင် လုပ်နိုင်သော ဗမာမင်း အလွန်နည်းပါး၏။
ဤသို့ အလွန်အရေးပါသော သံဃာ့အဖွဲ့အစည်းသည် အစိုးရမင်းကို မှီခိုနေရသဖြင့် နိုင်ငံရေးအခြေအနေ ပြောင်းသွားသည်နှင့် အခြေယိုင်သွားသည်။ ဗမာမင်းလက်ထက်၌ ဂိုဏ်းချုပ်ဂိုဏ်းအုပ်ကတဆင့် သံဃာ့လောကကို ထိန်းထားသည်ဟု ဆိုသော်လည်း ပြဿနာကို လက်တွေ့ဖြေရှင်းသူသည် သာသနာ့ဝန်ကို ထမ်းဆောင်ရန်အတွက် ခန့်အပ်ထားသော မင်းမှုထမ်းဖြစ်သည်။ မင်းမှုထမ်းက ကူညီမှသာ သာသနာပိုင်၏အမိန့်သည် ထိရောက်နိုင်သည်။ ဒီအစဉ်အလာနှင့် အလှူဒါယက လိုအပ်မှုကြောင့် သံဃာ့ဦးသျှောင် နာယကအဖွဲ့သည် အစိုးရအာဏာစက်ကို မှီခိုလာရခြင်းဖြစ်သည်။
အထက်မြန်မာပြည်ကို အင်္ဂလိပ်သိမ်းပိုက်ပြီး မကြာမီ အင်္ဂလိပ်ကို တော်လှန်သည့်အခါတွင် သံဃာများ ပါဝင်လာသည်။ ထိုကာလ၌ သာသနာပိုင်အဖွဲ့ကို အသိအမှတ်ပြု၍ အဖွဲ့၏ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ရာ၌ ဗမာမင်းလက်ထက်အတိုင်း ကူညီထောက်ပံ့မည်ဆိုပါက အင်္ဂလိပ်အုပ်ချုပ်ရေးကို မြန်မာများလက်ခံရန် တရားဟောပေးမည်ဟု တောင်တော်သာသနာပိုင်က ကမ်းလှမ်းသည်။ သာသနာပိုင်ကို အသိအမှတ်ပြုရန် အင်္ဂလိပ်က သဘောတူသော်လည်း အကူအညီပေးရန် ငြင်းဆန်၏။
သာသနာပိုင်ရှိနေသော်လည်း ၀ိနည်းစည်းကမ်းလိုက်နာရန် ကြီးကြပ်ကွပ်ကဲသူ မရှိသောကြောင့် အမျိုးသားရေးလှုပ်ရှားမှုတွင် သံဃာများ ပါဝင်လာပြီး အင်္ဂလိပ်ဆန့်ကျင်ရေးလုပ်ကြ၏။ သို့သော်လည်း သာသနာပိုင်ကို ကူညီရန် အင်္ဂလိပ်ကိုလိုနီအစိုးရက ငြင်းဆန်နေတုန်းဖြစ်၏။ ၁၉၁၉ မန္တလေးအိမ်တော်ရာ ဘုရားပေါ်တွင် ဖိနပ်စီးသော အနောက်တိုင်းသားအချို့ကို ဘုန်းကြီးများ ၀ိုင်းရိုက်သည့်အခါကြမှ သံဃာကို ကြီးကြပ်ရန် အင်္ဂလိပ်စိတ်ဝင်စားလာ၏။ ၁၉၂၁ ၌ သာသနာပိုင်ကိုကူညီရန် မဟာဒါန်ဝန်ခန့်သည်။ အမျိုးသားရေး၌ ပါဝင်လှုပ်ရှားနေသော သံဃာ့သမဂ္ဂီအသင်းကို မ၀င်ကြဖို့ သာသနာပိုင်က ဆော်သြ၏။ သံဃာနိုင်ငံရေးလုပ်သည်ကို သာသနာပိုင်က မထောက်ခံပါ။ သို့သော် ၁၉၃၈ ၌ နောက်ဆုံးသာသနာပိုင် တောင်ခွင်ဆရာတော် ပျံလွန်ချိန်မှစ၍ သာသနာပိုင်ရာထူး နိဂုံးချုပ်သွားသည်။ ယခုခေတ်၌ အစိုးရသည် သာသနာပိုင်နေရာကို ရယူထားသည်။
ထိုင်းနိုင်ငံတွင်လည်း အယုဒ္ဓယခေတ်မှစ၍ ယနေ့အထိ နိုင်ငံတော်အစိုးရ၊ သံဃာနှင့်ဘုရင်ကို အဓိကမဏ္ဍိုင် (၃) ရပ်အဖြစ် သတ်မှတ်လာခဲ့သည်။ ဗုဒ္ဓဘာသာကို ဘုရင်က ကာကွယ်၍ ဘာသာရေးအခမ်းအနားများကို ကမကထ လုပ်ပေးသည်။ ၀န်ကြီးချုပ် ပီဘူးစွမ်ဂရမ် (၁၉၄၈-၁၉၅၇) လက်ထက်တွင် ဤမဏ္ဍိုင် (၃) ခုကို အစိုးရလမ်းစဉ်အဖြစ် သတ်မှတ်လိုက်ပြီး ဆိုင်းရမ်း (SIAM) ကို ထိုင်းနိုင်ငံ (Thailand) အဖြစ် အမည်သစ်ပေးလိုက်သည်။ အစိုးရပညာရေးစနစ်သည်လည်း ဤမဏ္ဍိုင် (၃) ရပ်အပေါ်တွင် အခြေခံ၍ သင်ကြားပို့ချသဖြင့် အစိုးရနှင့် ဘုရင်စနစ်ကို ကာကွယ်စောင့်ရှောက်ရာရောက်နေသည်။ သံဃာကိုလည်း အစိုးရနှင့် ဘုရင်က ချုပ်ကိုင်ခွင့်ရထားသည်။
၁၉၇၆ အောက်တိုဘာ (၆) ရက်နေ့၌ ဖြစ်ပွားသော သမ္မာဆတ်တက္ကသိုလ်လူသတ်ပွဲကို ကွန်မြူနစ်ဆန့်ကျင်ရေးနှင့် ဘာသာသာသနာ ကာကွယ်ရေးသဘောမျိုးအဖြစ် အစိုးရက အကြောင်းပြု၍ မိမိကျူးလွန်သော ရာဇ၀တ်မှုကို ဖုံးကွယ်ခဲ့သည်။ သမ္မာဆတ်တက္ကသိုလ်အပြင်ဘက်တွင် ကျောင်းသားအချို့ကို သတ်ဖြတ်၍ သစ်ပင်တွင် ကြိုးဆွဲထားမှု၊ ကျောင်းသူတဦးကို မုဒိမ်းကျင့်သတ်ဖြတ်မှု၊ ဒဏ်ရာရသူ (၃) ဦးကို ဓာတ်ဆီလောင်း၍ မီးရှို့သတ်ဖြတ်မှု စသည့်ဖြစ်ရပ်များသည် ပြည်သူလူထုရှေ့မှောက်၌ ဖြစ်ပွားသော မှုခင်းများဖြစ်သည်။ အချို့ပရိသတ်သည် လက်ခုတ်လက်ဝါးတီး၍ အားပေးကြသည်။ သို့သော်လည်း ၁၉၇၃ မှ ၁၉၇၇ အထိဖြစ်ပွားသော အကြမ်းဖက်မှုသည် ဗုဒ္ဓဘာသာ ထိုင်းလူမျိုးများနှင့် မဆီလျော်သဖြင့် ထိုင်းအစိုးရက အသိအမှတ်မပြုဟု Australia အမျိုးသားတက္ကသိုလ်မှ ပါမောက္ခ Dr. Helen James က ၂၀၀၉ ဒီဇင်ဘာက စာတမ်းရေးဖူးသည်။ အစိုးရသွေးထိုးပေးသည် အကြမ်းဖက်မှုများကို အရေးမယူနိုင်ခဲ့သည့်အတွက် အနီဂိုဏ်းနဲ့အ၀ါဂိုဏ်း ပြိုင်ဆိုင်အကြမ်းဖက်ခြင်း ဖြစ်ပုံရသည်ဟု ဆိုသည်။ ထို့ကြောင့် စစ်မှန်သော ဒီမိုကရေစီကို မြန်မာပြည်တွင် ရရှိရန် ခက်ခဲသကဲ့သို့ ထိုင်း၌လည်း ရရန်ခက်ခဲသည်ဟု Dr. Helen James မှတ်ချက်ချထားသည်။
၁၉၉၂ နိုဘယ်လ်ငြိမ်းချမ်းရေးဆုပေးရန် ရည်ရွယ်သည့် ပုဂ္ဂိုလ်များစာရင်း၌ ပါဝင်ခဲ့သော ထိုင်းပညာရှင် Sulak Sivaraksa ကလည်း အစိုးရကို ဗဟိုပြုသောဘာသာရေးနှင့် စစ်မှန်သော ဘာသာရေးကို ခွဲခြားသတ်မှတ်ထားသည်။ ထိပ်ပိုင်းမှ သံဃာများနှင့် အာဏာရလူတန်းစားပူးပေါင်း၍ အစိုးရလုပ်ရပ်မှန်ကန်ကြောင်း ပြသည်မှာ အစိုးရဗဟိုပြု ဗုဒ္ဓဘာသာဖြစ်သည်ဟု ဆို၏။ ကျေးလက်ဒေသ ရိုးရာအစဉ်အလာ တောရကျောင်းသည်သာ ဗုဒ္ဓ၀ါဒအစစ်အမှန်ကို ပို့ချနိုင်သည်ဟု ဆို၏။ အာဏာရလူတစု၏ အကျိုးစီးပွားကို ထောက်ခံသော ဘာသာရေးသည် ယင်းလူတစု၏ ဖိနှိပ်ရေးကိရိယာဖြစ်လာပေသည်။
ဗုဒ္ဓ၀ါဒသည် ဒီမိုကရေစီကျင့်စဉ်နှင့် ဆီလျော်ရုံသာမကဘဲ ဒီမိုကရေစီစနစ်ကို ထောက်ခံအားပေးသော အတွေးအခေါ် ရှိနေသည်ကို တွေ့ရသည်။ ဗုဒ္ဓ၀ါဒသည် မိမိကိုယ်မိမိ လွတ်မြောက်အောင် မိမိဘာသာ ကြိုးစားရသော ကျင့်စဉ်ဖြစ်သည်။ သြာဇာအာဏာရှိသူကို အားကိုးသော ကျင့်စဉ်မဟုတ်ပါ။ ထို့ကြောင့် အာဏာရှင်စနစ်သည် ဗုဒ္ဓဘာသာ၏ ဆန့်ကျင်ဘက်ဖြစ်၏။ ကွဲလွဲသော အယူအဆကို ဗုဒ္ဓ၀ါဒက လက်ခံသည်။ အပေးအယူလုပ်မှုနှင့် အပြန်အလှန် ညှိနှိုင်းမှုကို အဓိကထားသော မဇ္ဈိမပဋိပဒါ အလယ်အလတ်လမ်းစဉ်ကို ကျင့်သုံးသည်။ ဆန့်ကျင်ဘက်အယူအဆနှင့် ဆန့်ကျင်ဘက် အကျိုးစီးပွားကို အပြန်အလှန်ညှိနှိုင်း၍ အပေးအယူလုပ်ခြင်းသည် ဒီမိုကရေစီ၏ အဓိကသဘောတရားပင်ဖြစ်သည်။
(အောက်တိုဘာ 17 , 2010 ခေတ်ပြိုင်ဂျာနယ်မှကူးယူတင်ပြပါသည်)
Saturday, October 16, 2010
ကျွန်တော့်အကြောင်းတစေ့တစောင်း
လောင်းရိပ်မှန်သမျှကို…ဖောက်ထွက်
မြောက်တက်နေတဲ့စိတ်တွေကချဉ်ပေါင်ဟင်းနေ့တိုင်းသောက်ပြီး
အရသာအစစ်ကိုလျှာနဲ့မစား…။နှလုံးသားနဲ့စားတတ်အောင်လေ့ကျင့်ခဲ့တယ်..။
ကိုယ့်ဘ၀နှင့်ကိုယ်ငါ့သားဘယ်သူ့ကိုမှ…ရှက်စရာကြောက်စရာမလိုဘူးနော်…
ဆိုတဲ့အမေ့စကား……။လောကထဲအမေမရှိလည်းနေ့တိုင်းကြားနေသေးတယ်အမေ….။
ကျေးဇူးတွေ…တင်ပြီးရင်းတင်လျက်…
သွေးထဲက..သတ္တိအမွေကတန်ဖိုးရှိလိုက်လေခြင်းလို့နားလည်တယ်…။
လူငယ်ဘ၀ဖိုက်တင်ချတောင်…အားကြီးသူကိုလဲနေရာက…မျက်လုံးတွေနဲ့ထိုးတတ်ဖို့အဖေသင်ထားခဲ့ပေါ့…။
လက်သီးနှင့်လည်းထိုးဖူးရဲ့…မျက်လုံးနှင့်လည်းထိုးဖူးရဲ့…။
ကွဲအောင်လည်းထိုးဖူးရဲ့ထိုးတာလည်းကွဲဖူးခဲ့ပေါ့….။
အားငယ်ခြင်းဆိုတာငါ့…အဘိဓမ္မာမှာ…လာရှာလို့ကတော့ရယ်ချင်တယ်လောက။
အတ္တဒီပါ..အတ္တသရဏာ…တဲ့…။ကြည်ညိုလိုက်တဲ့တရား
သြကာသမဆိုဘဲ..ဦးတွေအကြိမ်ကြိမ်ချတယ်။
မောက်မာထောင်လွှားစရာမာန ငါ့ဘ၀ထဲ
အပြင်မှာလည်းမရှိအထဲမှာလည်းနတ္ထိ
ဓာတ်ခွဲတာ…ဝေဖန်တာဝါသနာပါရင်တော့….။
ငါ့ကိုသာ…ခွဲခြမ်းကြည့်…။
အတ္တနှင့်မာန…တွေ့ကိုတွေ့ရမယ်။
သိထားရမှာက….ငါ့ "မာန"က…ထောင်လွှားခြင်းမဟုတ်ဆိုတာပဲ……………….။
"အတ္တ"ကိုတော့ခွင့်လွှတ်ပေး
ကျွန်တော်က ပုထုဇဉ်လေးပါ ။
စာတစ်ပုဒ်ရေးတာ
''ငါ" အပုပ်နံ့လေးတွေထွက်သွားရင်
ကျွန်တော် တောင်းပန်လိုက်တယ်လို့ပြောပေးပါ။
(ဥက္ကာငယ်)
Wednesday, October 13, 2010
ဖြောင့်ချက်
အင်း....................။...။
အချစ်ဆိုတာကိုကျွန်တော်မယုံတော့ဘူးဗျာ
ဘာဖြစ်လို့လဲဆိုတော့
ကျွန်တော်ခဏခဏချစ်မိလွန်းလို့...။
(ဥက္ကာငယ်)
Monday, October 4, 2010
ငှက်တစ်ကောင်ရဲ့အကြောင်း
ဆန်လေထဲကျန်ရစ်
မာန်တွေလည်းဒဏ်ဖြစ်
ကောင်းကင်ကိုတော့ချစ်နေဆဲ။
ငှက်တစ်ကောင်ရဲ့အိပ်မက်
မျှော်လင့်ခြင်းအသိုက်တစ်ခုဟာ
ပြိုပျက်ရင်း....
တည်ဆောက်ရင်း..........
တစ်ကောင်တည်းအားတင်းခဲ့ရ။.....။
ကိုယ်လဲကိုယ်ထူ
ကိုယ့်မူကိုယ်လှမ်း
ကိုယ်ကိုယ်တိုင်ရွေးတဲ့လမ်းမှာ
တခါတရံ..
လေနီတွေ.ကြမ်းလာရင်
အတောင်မသန်တဲ့ဘ၀အတွက်..
ဝမ်းနည်းခြင်းမျက်ရည်စ
တခါခါ...ကျပေမယ့်
အသဲမှာဆူးပေါက်
တောင်ပံဟာမီးတောက်သွားပစေ......။
(ဥက္ကာငယ် )
ငိုမဲ့မဲ့ သင်္ကြန်
နှစ်ဦးရောက်ပြီလေ…။
နှစ်တစ်နှစ်သစ်ပြီတဲ့လား
လူကတော့အဟောင်းတိုင်း
မှန်သည်မသိမှားမသိ
မက်မိတဲ့အိပ်မက်အဟောင်းမှာ
မပြောင်းနိုင်မသစ်နိုင်
မှိုင်တချက် ငိုင်တချက်
ယိုင်ထွက်သွားလုလုနောင်တတွေတခါခါနဲ့
ငါဟာ…
ပိတောက်လိုရွှေရည်မလူး
အတ္တတွေမူးနေတဲ့ကောင်…။
အမေကဘ၀တပါး
အဖေကတခြားနိုင်ငံ
ချစ်သူကိုရင်စုံကန်ပြီး
မာန်ကြီးတဲ့ခါချဉ်တစ်ကောင်လို
တောင်ကိုငါမဖြိုပေမယ့်
တောင်ပေါ်ကတောတစ်ရွာမှာ
အိပ်မက်ကိုငါထုဆစ်ခဲ့
လက်မနာပေမယ့်
ရက်ကြာတော့ရင်နာလာတယ်..။
အမေ…
ဒီသင်္ကြန်မှာ
ဘော်ဒါတွေရှာ..ကားခတွေစု…(rapper)ရက်ပါလိုတုပြီး
ကျွန်တော်မကဲချင်ဘူး
ခွက်ပုန်းလေးခုတ်..ရှိုးကလေးထုတ်..မော်ဒယ်လ်လေးတွေချောင်း
ရေလောင်းဖို့လည်းစိတ်မပါဘူး
ကျောင်းပေါ်ကိုတက်…အမေ့ကိုရှာ…
တံမြက်ခါနေမယ့်ဥပုသ်သည်အမေကို
ဖယောင်းတိုင်လေးတစ်ထုတ်နဲ့
ဟန်မလုပ်ပန်မလုပ်..
လက်အုပ်လေးချီကန်တော့ချင်လိုက်တာ..
တင်မိအပြစ်ဟောင်းကျေစေကြောင်းပေါ့..။
အဖေ..
သီးနှံတွေထွားရဲ့လား
သားတကွဲမယားတကွဲ
လွဲနိုင်လွန်းတဲ့ကံကြမ္မာကြောင့်
သံသရာအတွက်
ခြံကထွက်လို့
ကျောင်းမှတက်ဖြစ်ရဲ့လား..
စိတ်သာချအဖေရယ်လို့
ခြံတာဝန်လက်လွှဲကူ
ပေါက်တူးကိုဆွဲယူပြီး
ဥပုသ်ဝင်မယ့်အဖေ
နောက်ဆံတင်းစိတ်မ တွေဖို့
ဗူး..သခွါး..ပဲ..ဖရုံ
တုန်နေအောင်ရေလောင်းချင်တယ်.
သင်္ကြန်မယ်များအလားတူ
အာရုံယူစိတ်ကမှန်းပေါ့.
ချစ်သူရယ်
ရွာထိပ်ကပိတောက်ပင်
ပန်ချင်သူရှိပေမယ့်
ချူမယ့်သူတနယ်ဝေးမို့
မင်းဆွေးပြီလားကွယ်..
ဖြစ်နိုင်ရင်
သင်္ကြန်မင်းစီးတော်ကို
တချက်ငှားခွင့်လေးတောင်းပြီး
အမြန်စီးရွာခရီးနှင်
ခါတော်မီရွှေပိတောက်ပန်း
သူ့ကေသာလန်းဖို့အရေး
ပန်းဆက်သမားလေးဗျတ္တလို
ပြေးကာပြေးကာပန်ပေးချင်ရဲ့
တွေးကာဆွေးကာသင်္ကြန်လေးငိုမဲ့..။
(ဥက္ကာငယ်)
ကဲ....ပုထုဇဉ်ရဲ့....ရင်တွင်းဖြစ်....တစ်နှစ်သောသင်္ကြန်က..
ဝေဒနာကဗျာဟောင်းလေးတစ်ပုဒ်ပါပဲ။အေးစိမ့်နေတဲ့...
ရာသီကြမ်းကြမ်းတွေကို...တစ်သက်မှာတစ်ခါကြုံခဲ့ဖူးတဲ့.
ထိုင်းမြန်မာနယ်စပ်တောင်တန်းရွာလေးတစ်ရွာကို
မမျှော်လင့်ဘဲရောက်ခဲ့ရာမှ.ဒီကဗျာလေးနဲ့သင်္ကြန်ဆိုတာ
ကိုကျွန်တော်ဖြတ်သန်းခဲ့ဖူးတာပါ.....ရေတွေမစိုပေမယ့်
မျက်ရည်တွေစိုခဲ့ရတဲ့တကယ့်ကိုဆွေးစရာကောင်းတဲ့
နယ်မြေလေးပေါ့
သြော်...ေ၇လောင်းသူမရှိပေမယ့်.......လွမ်းရမယ့်သူရှိနေတော့.
ကျွန်တော်.......မျက်ရည်ဝဲခဲ့ဖူးပါပကောဗျာ..........။
Saturday, October 2, 2010
ကြယ်တွေအပြိုင်လင်းဖို့လိုတယ်
ရှေ့ဆုံးမှာမနေသင့်ဘူး။
မင်းတို့နေရာပျောက်မှာကြောက်တာနဲ့
ခန်းမတစ်ခုလုံးဖျောက်ထားရသလား .။
မိုးကြိုး ..လျှပ်စီးရယ်..
မင်း ငါတို့ကိုပစ်ခတ်ပြာချလည်း
မင်းလည်းခဏပဲလင်းမှာပါ
လမင်းကတော့ဖြစ်လာမှာမဟုတ်ပါဘူး ..။
သူငယ်ချင်းတို့ရေ
မိုးတိတ်မှအပြင်ထွက်မယ်ဆိုတဲ့စိတ်ဓာတ်တွေနဲ့တော့
ဘယ်ကိုမှရောက်မှာမဟုတ်ဘူး ..။
ယုံကြည်ချက်တွေကိုထမ်းပြီး
ကမ္ဘာသစ်ကိုသွားမယ့်လမ်းဟာ
ကြမ်းတော့ကြမ်းလိမ့်မယ်
ရှေ့မှာလည်းတစ္ဆေတစ်ကောင်
သေနတ်ကိုင်ပြီးစောင့်နေတယ် ။
တစ္ဆေအကြောက်သင့်တဲ့အချိန်မှာတော့
ငါတို့မျက်လုံးတွေကိုကန်းသင့်ကန်းထားရလိမ့်မယ်..။
ပြီးတော့ တောက်ပနေတဲ့မျက်လုံးအသစ်တွေနဲ့
အိပ်မက်တွေကိုတည့်တည့်ကြည့်ပြီး
ရဲရဲဝံ့ဝံ့လျှောက်ရအောင်..။
မီးပျက်နေတဲ့ညတွေမို့
ကြယ်တွေအပြိုင်လင်းဖို့လိုတယ်.............။
(ကောင်းကင်ကို)
(ဒေါက်တာလွဏ်းဆွေဘလော့ဘ်မှကူးယူတင်ထားပါသည်။)
သတင်းအစုံအလင်ဖတ်ဖို့ဒါလေးကိုနှိပ်လိုက်ပါ
Thursday, June 3, 2010
ထိုင်းပုလိပ်များသို့ကျေးဇူးတင်ခြင်း
ကားပေါ်တက်တာနဲ့ဖုန်းကိုသတိရှိစွာနဲ့ကျွန်တော်အသံပိတ်လိုက်မိတာကအခုတော့မှန်သွားတယ်လေ။…..စူရပ်ဌာနီ(ထိုင်းတောင်ပိုင်း)ကိုအလုပ်သွားလုပ်လိုတဲ့ချာတိတ်လေးတစ်ယောက်
ကယ်ရီလက်ထဲထည့်ပြီးလိုက်မှအေးပြီမှတ်ထားတာ……သားပုလိပ်မိပြီဆိုတဲ့ဖုန်းအသံကကျွန်တော့်စိတ်ကိုကောင်းကောင်းအနှောင့်အယှက်ပေးလိုက်နိုင်ပါပြီလေ။
ကျေးဇူးတင်ရမှာက…..ငွေပေးလိုက်ပြီဖြစ်ပေမယ့်..အခုပြဿနာတက်တော့..ကျွန်တော်ဖုန်းကိုင်တာကို..ကိုင်ပြီးလက်ခံစကားပြောပေးနေတဲ့သူ့ကိုပြန်ပြီးကျေးဇူးတင်ရသေးတယ်။
ကယ်ရီတွေရဲ့လုပ်ပုံ………..ဗန်ကောက်ကနေစူရပ်ဌာနီကိုသုံးထောင်ယူလိုက်ပြီးပို့တာကစိုင်တိုင့်မိုင်လို့ခေါ်တဲ့..တောင်ပိုင်းသွားကားဂိတ်ကိုပဲပြန်ပို့…ပြီးတော့ကားသမားနဲ့ဝေစားကြမျှစား
ကြ…။အခုတော့ဘယ်လိုကနေဘယ်လိုအချိတ်အဆက်မမိဖြစ်ပြီး…ကောင်လေးတစ်ယောက်ပုလိပ်လက်ထဲရောက်နေပါတော့တယ်..။..ကားပေါ်ကလူတွေကလည်း..တစ်လမ်းလုံးဖုန်းတစ်လုံးနဲ့
ဗမာစကားပြောပြီးအလုပ်ရှုပ်နေတဲ့ကျွန်တော့်ကိုစူးစမ်းကုန်ကြပြီပေါ့။ဒါနဲ့…ကျွန်တော်စိုင်တိုင်းမိုင်(တောင်ပိုင်းကားဂိတ်)ကိုရောက်လာခဲ့တယ်…။တိုက်ဆိုင်လွန်းစွာပဲ
ကျွန်တော်သွားတဲ့ခရီးက..ထိုကားဂိတ်ကိုဖြတ်ရတော့…စိတ်ထဲမှာတော့တွေးမိသား..ဒီလူတွေဒီလိုင်းကားတွေနဲ့ပဲပို့မှာလား..လို့..။ကောင်လေးကိုဖမ်းထားတာဘယ်မှာလဲကျွန်တော်မမေးအားပါဘူး
ကျွန်တော်ကိုယ်တိုင်….ပုလိပ်တွေခြေရှုပ်လျက်စောင့်ကြည့်နေတဲ့ဒီကားဂိတ်ကအောင်မြင်စွာထွက်လာနိုင်အောင်အရင်ကြိုးစားရတယ်..။ပြောရင်းဆိုရင်း….ကျွန်တော့်ရှေ့မှာ….ကိုရွှေပုလိပ်တစ်ကောင်။
ကျွန်တော်ရှေင်ဖို့မကြိုးစားပါဘူး…..သူ့အနားကိုသာ.တန်းတန်းကြီးလျှောက်သွားလိုက်တယ်..။ကိုယ်စီးမယ့်ဆိုင်ကယ်ဂိတ်ကလည်း…သူ့အနောက်မှာကိုး…။ဖြစ်ချင်ရာဖြစ်တော့။။။။။
ဒါပေမယ့်ကျွန်တော်သိပြီးသားပါ….သင်းတို့ကျွန်တော့်ကိုဗမာလို့ကိုထင်မှာမဟုတ်…အကြောင်းကတော့….ကျွန်တော့်မျက်လုံးတွေ..လှုပ်ရှားမှုအမူအရာတွေထဲမှာ..ပုလိပ်ကိုအနီးကပ်
မြင်လိုက်ပေမယ့်….ခံစားချက်တစ်စုံတရာမရှိဘူးဆိုသော…ဟန်ကိုကျွန်တော်ထည့်ထားတယ်လေ။တကယ်တော့ရှိပါတယ်..သူတို့မတွေ့တာပါ…ပုလိပ်ကိုမြင်လို့ထိတ်လန့်တဲ့အမူအရာနဲ့ဟန်ပန်ဆိုတာ
ကလည်း…..ယိုးဒယားသက်တမ်းမှာ..ခဏခဏပေါ်ရလွန်းလို့….ဒီခံစားချက်နဲ့ထိတ်လန့်တဲ့ဟန်ပန်ကိုဘယ်လိုချုပ်တည်းပြီး..ဘယ်ချောင်မှာ.ဘယ်လိုဝှက်ထားရမယ်ဆိုတာ…ကျွန်တော်ကောင်းကောင်း
ကျွမ်းကျင်ခဲ့ပြီ။…မကြောက်ဘဲနေမလားဗျာ…………ကျွန်တော့်မှာ..နယ်ကျော်နေတဲ့..အလုပ်သမားလက်မှတ်နဲ့…..ငွေသားနည်းနည်းများများပါခဲ့တာမဟုတ်လား…။မိလို့ကတော့…တစ်ထောင်လောက်
ပြန်ကျန်တောင်ကံကောင်းပေါ့။ဒီလိုနဲ့ကျွန်တော်ကားဂိတ်ကိုအောင်မြင်စွာဖြတ်သန်းပြီး……………..
သွားလိုတဲ့နေရာကိုရောက်…ကောင်လေးကို..စုံစမ်းတော့..ဟူး…………။သူလည်းလက်ရှိစိုင်တိုင်းမိုင်
ကားဂိတ်မှာပဲမိနေတာပါတဲ့…ပုလိပ်အပြော။ကျွန်တော်လည်းထွေထွေထူးထူးပြောမနေတော့
သူလည်းစားနေကျကြောင်ဖား……ကိုယ်လည်း…စားခံနေကျ ငါးကြော်မဟုတ်လား……..
ဘယ်လောက်ပေးရမလဲမေးတော့……သုံးထောင် တဲ့…အင်း…..မတတ်တခေါက်တတ်တခေါက်နဲ့
နှစ်ထောင်ဆစ်တော့……..ကိုရွှေပုလိပ်ကအိုကေသွားတယ်…………။
လေသံကအတော်လေကိုပျော့ပျောင်းနေတာကိုကြားပြီး…ကျွန်တော်အတော်လေးစိတ်သက်သာရာ
ရသွားတယ်ဗျာ……။ဒီထက်ကြမ်းတမ်းစွာငွေတောင်းတတ်တဲ့..သင်းတို့ကိုကျွန်တော်တွေ့ခဲ့ဖူးပြီမဟုတ်လား။….သူ့ဘဏ်တွင်းကိုပိုက်ဆံထည့်ခိုင်းတယ်ဗျာ…ဘဏ်နံပါတ်တွေအသေအချာပေးလို့ပေါ့………
ကျွန်တော်လည်းဝမ်းသာအားရ….ထည့်မယ်လုပ်ကာမှ……..ဖုန်းပြန်ဆက်…အစ်ကိုရေ……..
ကျွန်တော်လည်းဒီနားမှာရှိနေတယ်..လာယူပါလားဗျာ…..ငွေလက်ငင်းပေးတော့ပိုကောင်းတာပေါ့
ဒီလိုပြောကြည့်တော့…….သူကလက်မခံ..သူ့ဘဏ်ကိုသာထည့်ပေးဖို့တတွင်တွင်ပြောနေတော့တယ်
လေ။…..ဘာဖြစ်လို့လဲတဲ့………..ကျွန်တော်ထည့်လိုက်လို့အစ်ကိုကမ၀င်ဘူးပြောရင်ဘယ်လိုလုပ်မလဲ
လို့…ကိုယ်စိတ်မချတာကိုဗြောင်ပဲပြောလိုက်တော့တယ်။။။။။။။။သူ..ဒီလိုလူမဟုတ်ဘူးတဲ့
…………ဟုတ်ကဲ့…….ဒါဆိုလည်းထည့်ပါ့မယ်ပေါ့….ဘယ်တတ်နိုင်မလဲနော်…….
ကိုယ့်လူတစ်ယောက်လုံးသူ့ လက်ထဲမှာမဟုတ်လား...........။ဒါနဲ့အဆင်သင့်လက်ထဲကဖုန်းနဲ့သူ့ရဲ့..ကတ်စီကွန်ဘဏ်ထဲကို
ငွေလွှဲမယ်လုပ်တော့..ကိုယ်တော်ချောကသူ့လူကိုလှမ်းမေးတာကြားလိုက်တယ်...ဖုန်းထဲကနေငွေလွှဲရလို့လားတဲ့..။
တစ်အောက်လေးဋ္ဌကာတော့..လွှဲပြီးတဲ့အကြောင်းနဲ့သွားစစ်ဖို့အကြောင်းဖုန်းဆက်ပြောလိုက်တယ်..။တစ်အောက်လေးကြာတော့..ပြန်စစ်ပါဦးတဲ့။သူ့ဘဏ်ထဲကိုမ၀င်ဘူးတဲ့..။သေပါပြီဗျာ...။အစ်ကိုပုလိပ်ရေ...ကျွန်တော့်ဖုန်းထဲမှာ
ကတ်စီကွန်..ဘဏ်မှ..အောင်မြင်စွာငွှေလွှဲပြီးပါကြောင်း..မက်ဆေ့ခ်ျကရှိနေသေးပါတယ်ဗျာ...လို့အသံနိမ့်နိမ့်လေးနဲ့..တောင်းပန်လိုက်ရတယ်
ခဏနေဦးပြန်စစ်လိုက်ဦးမယ်ပြောပြီး...တအောက်လောက်မှ...အေးအေးရပြီလို့ပြောတော့မှပဲ..ဟူး................။ကျွန်တော့်သက်ပြင်းတွေအသံထွက်သွားတယ်...အစ်ကိုအစ်ကို..ကျေးဇူးတင်ပါတယ်လို့
ဘလိုင်းကြီး..ငွေနှစ်ထောင်ပေးလိုက်ရတဲ့ကျွနတော်ကပဲ...လေးစားစွာကျေးဇူးစကားပြောလိုက်ပါတော့တယ်..။
ခဏနေတော့.....ကျွန်တော်ရှိနေတဲ့အရိပ်အာဝါသအောကို.....လွတ်လပ်လာတဲ့အပြုံးနှင့်ကောင်လေးကိုတွေ့လိုက်ပါတော့တယ်..။ငါးဆယ်ဘတ်လောက်သာတန်သောခရီးကိုတစ်ရာ့ငါးဆယ်တောင်းနေသော..ဆိုင်ကယ်သမားကို
ငွေထုတ်ပေးပြီး...ကျွန်တော်ကပဲပြန်ပြီး...ကျေးဇူးတင်ပါကြောင်းထပ်လောင်းပြောကြားလိုက်ရပါတော့တယ်..။ဘယ်တတ်နိုင်မလဲဗျာ.............ခေတ်ကိုက..အခြေအနေကိုက..ဘ၀ကိုကဒီလိုဖန်လာနေမှတော့..ကျွန်တော်တို့ရွှေ့
ပြောင်းအလုပ်သမားတွေရဲ့ဘ၀..ဒီလိုပဲ...နာလည်းနာကြ..နံလည်းနံကြတော့ပေါ့။.....။ဘုန်းကြီးကျောင်းကကိုယ်တော်တွေရဲ့ကျေးဇူးနဲ့ပိုင်ရှင်ခရီးထွက်နေသောအခန်းတစ်ခန်းကို..၀င်ရောက်ပြီး...သက်ပြင်းနှင့်အတူ..တံခါးမင်တုံးကို
ဂျောက်ကနဲ..ကျွန်တော်ချလိုက်ရတော့တယ်..။ဘယ်မှာလဲဗျာ.........ကျွန်တော်တို့ရွှေ့ပြောင်းအလုပ်သမားများရဲ့..စိတ်ပိုင်းဆိုင်ရာလုံခြုံမှု...စိတ်ချရမှု...သြော်....ကျွန်တော်တို့အချိန်တိုင်းလိုလိုမလုံခြုံမှုတွေနဲ့အသက်ရှင်နေရပါလား...............................................
Tuesday, June 1, 2010
ကွဲပြားရောင့်ရဲ
မျှော်လင့်ဖွယ်ရာတွေ ကျန်ရှိနေသေးတယ်ဆိုလျှင်သော်မှ မမျှော်လင့်ချင်တော့.......
တငွေ့ငွေ့ခန်းခြောက်လာတဲ့ကံတရား
ငါကအာရုံပြုထားပေမယ့်
ငါ့ကိုအသံလေးတောင်မပြုတော့ဘူး
စိတ်ထဲဝင်ပြီးကူးခတ်မိတိုင်း
ကိစ္စအ၀၀အရာမထင်မှုတွေ
ထင်းကနဲပြက်ကနဲ
ဝမ်းလည်းနဲတယ်
မျက်ရည်လည်းဝဲတယ်
ခရီးတ၀က်မှာ ပျံကျအနေအထားနဲ့ပျံသန်းသွားလာနေကြတာ........
စီးကြ
အဆင်ပြေသလိုလေးသာစီးကြ
ကိုယ့်ဘ၀သူ့ဘ၀အကြောင်းမပြောကြေး
သိထားသမျှ
ဘာမှမသိသလိုနေလိုက်
ဝေနေယျသတ္တ၀ါအပေါင်းကျန်းမာဘေးကင်းစေသား.......။
........ Y" size="15.5pt">ရိုးသက်.....
မင်းကြောင့်

အချစ်ရေ ....
မင်းကြောင့်
ဟောဒီကမ္ဘာလောက ... ပန်းတွေပွင့်လာရသတဲ့ကွယ်...။
ငါ့မှာတော့ .. ရင်ခွင်ပျိုးခင်းတစ်ခုလုံး..ပိုးတွေကိုကျလို့..။
အချစ်ရေ...
မင်းကြောင့်..။
အနာဂတ်ဟာ..တောက်ပလာတယ်ဆို...။
ငါ့မှာတော့..
ရည်ရွယ်သမျှအားလုံး... ကဗြောင်းကဗြန်ကိုဖြစ်လို့....။
အချစ်ရေ..
မင်းကြောင့်..။
ဘ၀ဟာအဓိပ္ပါယ်ရှိရသတဲ့လား....။
ငါ့မှာတော့...
ရှင်သန်ခြင်းကိုနားမလည်နိုင်တော့ဘူး...။
အချစ်ရေ
မင်းထွက်သွားတော့
ပွေ့ဖက်ထားရင်းတောင်းပန်ပါရစေ။............။
Monday, May 31, 2010
ဆရာဇော်ဂျီကိုဦးညွှတ်ခြင်း

အိုရ နာရ သေရဦးမည်
မှန်ပေသည်တည်း။
သို့တပြီးကား ...သင်သေသွားသော်
သင်ဖွားသောမြေ
သင်တို့မြေသည်
အခြေတိုးမြင့် ကျန်ကောင်းသင့်၏
သင်၏မျိုးသား စာစကားလည်း
ကြီးပွားတိုးမြင့် ကျန်ကောင်းသင့်၏
သင်ဦးချ၍ အမျှဝေရာ
စေတီသာနှင့်
သစ္စာအရောင်
ဥာဏ်တန်ဆောင်လည်း
ပြောင်းလျက် ၀င်းလျက်
ကျန်စေသတည်း....။
တင်လိုက်တာလေ။ဆရာဇော်ဂျီရဲစေတနာကို...ဒီစာလေးရေးပြီးကျွန်တော်ဦးညွှတ်ပါတယ်.......။
ကျွန်တော်လုံးဝထောက်ခံတဲ့သူ့ရဲ အယူအဆနှင့်စေတနာကိုသူ့ကဗျာမှာအထင်းသားတွေ့ရတယ်....။
အမျိုးဘာသာသာသနာတွက်..ဘာမှမစဉ်းစားဘဲလူလုပ်နေသူတွေ....စဉ်းစားရမှန်းမသိတဲ့လူတွေအတွက်...
သတိပေးထားတာကချစ်စရာကောင်းလှပါတယ်မင်းရော...ဘာများအမျိုး..ဘာသာအတွက်..လုပ်နိုင်လို့လဲမေးရင
်ခက်ရချည်ရဲ့....။ဝန်ခံပါရစေ..ကိုယ်ကလည်းလုပ်နိုင်တဲ့အရည်အချင်းမျိုးမယ်မယ်ရရရှိတဲ့ကောင်မဟုတ်ပါဘူး...။
ဒါပေမယ့်....ချစ်တတ်တာတော့သေချာတယ်အမျိုးကိုထိရင်နာတတ်တယ်...အဲဒီတော့
အမျိုးဂုဏ်ကိုစောင့်ရှောက်ရကောင်းမှန်းကျွန်တော်နားလည်တယ်။ဘာသာထိရင်နာတတ်တယ်..အဲဒီတော့..
ဘာသာဂုဏ်ကိုစောင့်ရှောက်ရကောင်းမှန်းကျွန်တော်နားလည်တယ်။ဘာမှမလုပ်နိုင်ရင်နေဦး....ဒီလိုချစ်တတ်တဲ့
အတွက်...နာတတ်တဲ့အတွက်...နာရကောင်းမှန်းသိတဲ့အတွက်..ကျွန်တော်ဟာ...အမျိုးသားနှင့်တိုင်းပြည်လူမျိုး.
.နစ်နာစေမယ့်အပြောအဆို..အမူအရာ..အတွေးအခေါ်ကျွန်တော်မတွေးတော့ဘူးမဟုတ်လား....။
ဒါပေမယ့်ကျွန်တော်တို့ဗျာ...ကျွန်တော်တို့ဖွားသောမြေ..အခြေတိုးမြင့်..ဖို့..ဘာလုပ်နိုင်လဲ..ဘာလုပ်ရဲလဲ...
ဘာမှလုပ်ရဲတာမရှိပါဘူး....မရဲတဲ့နောက်တော့..ဘယ်လုပ်နိုင်တော့မလဲဗျာ...ဒေါ်စုတို့ပါတီဘာလုပ်မလဲ..
ဘာဆုံးဖြတ်မလဲ..ဘာဖြစ်လာမလဲ..ဒါပဲ..နောက်ကနေစောင့်ကြည့်ပြီး...ရင်တမမနဲ့..လက်ခုပ်တီး..ဒီလောက်ပဲ
ဒါတော့ကျွန်တော်တို့..လက်ခုပ်ဗြောင်မတီးရဲပါဘူးနော်..။ကိုယ်အားကိုးတဲ့နိုင်ငံရေးပါတီဆုံးဖြတ်ချက်တစ်ခုခု
ချလိုက်လို့..ကိုယ့်စိတ်နဲ့မတိုက်ဆိုင်ရင်လည်း...မချင့်မရဲနဲ့...စိတ်ဓာတ်ကျ..ဒီလောက်ပါပဲ...
သြော်...ကျွန်တော်ဖွားသောမြေ..ကျွန်တော့်မြေ..သည်အခြေတိုးမြင့်..ကျန်ကောင်းသင့်၏..တဲ့
အခြေမှတိုးနိုင်ပါ့မလား....။တိုးမြင့်လျက်မှ.....ကျန်ခဲ့ပါဦးမလား...ကျွန်တော်တို့ဘာမှမလုပ်ရဲကြတော့ဘူးလား။
ခပ်ရှက်ရှက်နဲ့ရေးလိုက်ပါဦးမယ်.......ဆရာဇော်ဂျီရယ်...ကျွန်တော်တို့...တောင်းပန်လျက်ပါဗျာ..လို့....။
ဒီကြားထဲမှ....အွန်လိုင်းပေါ်မှာ...စာလုံးပေါင်းတွေပြီးစလွယ်ပေါင်း..ပြီးစလွယ်ရေးနေကြတာတွေတွေ့တော့လည်း
စိတ်မကောင်းဖြစ်ရသေးတယ်......ခင်မင်မှု့ ....ကောင်းမှု့ ....အဲလိုအဲလို...ဟတ်ထိုးနှင့်..တစ်ချောင်းငယ်ထည့်
လိုက်ရင် ....မှု ...ဆိုတဲ့အသံပြည့်စုံနေလျက်သားနဲ့....ထည့်စရာမလိုတော့ဘဲနဲ့..အသံကိုပြတ်စေလိုတဲ့သဘော
ထပ်ပြီးတော့...အောက်မြစ်..ထည့်ရေးနေကြတာတွေ့တော့...ကိုကလည်းပညာရှင်မဟုတ်..မဟုတ်မှန်းလည်းသိ။
မလုပ်ကြပါနဲ့ဗျာ..။..နှစ်ဂဏန်းကိုရေးတဲ့နေရာမှာလည်းဒီလိုပဲ...မျဉ်းကြောင်းရဲ့ အောက်မှာ..၂..ဆိုတာဒီလိုတစ်
ဝက်ရောက်နေရမှာသင်ထားလျက်ကယ်နဲ့.....လူအတော်များများက..၂ ...ကိုမျဉ်းအထက်ကဘာဖြစ်လို့ရေးချင်
ကြာတာလဲနားမလည်နိုင်ဖြစ်ရတယ်...မြန်မာဗွီဒီယိုကိုကြည့်ချင်စိတ်တောင်မရှိပေမယ့်...တခါတလေမျက်စိထဲ
တည့်လာလို့..စူးစမ်းမိတဲ့အခါ...လူကြီးတွေရေးထားတွဲ့ဗွီဒီယိုဆင်ဆာလက်မှတ်ထဲမှာကအစ...အဲလိုအမှားတွေ
တွေ့လာတော့....ဟုတ်ကဲ့...ကျွန်တော်တို့အမျိုးသား..စာစကား...အခြေတိုးမြင့်အောင်မလုပ်နိုင်ရင်နေ...
ဖျက်တော့မဖျက်ကြပါနဲ့လို့...သတိပေးပါရစေ...ဒါမှမဟုတ်.....အမျိုးမျိုးပြောင်းပဲပြောင်းနိုင်လွန်းတဲ့မြန်မာနိုင်ငံ
တော်ကြီးရဲ့ ပညာရေး..အစီအစဉ်တွေအရ...ပြောင်းများပြောင်းလိုက်တာလား...အဲလိုဆိုရင်ခွင့်လွှတ်နော်...။
ဟုတ်ကဲ့..ဆရာဇော်ဂျီရေ...ခပ်ရှက်ရှက်နဲ့တောင်းပန်လျက်ပါဗျာ.........။
ကျွန်တော်ရင်ထဲမှာ...အငြိဆုံးကတော့....."သင်ဦးချ၍အမျှဝေရာ..စေတီသာနှင့်သစ္စာအရောင်ဥာဏ်တန်ဆောင်
လည်း..."ကျွန်တော်ရွာမှာတုန်းက......အားအားရှိရင်...ရွာဦးကုန်းထိပ်က...စေတီပေါ်..ပင်ပင်ပန်းပန်းတက်.....
လတ်ဆတ်နေတဲ့လေကိုတစ်ဝရှု...စာအုပ်များပါလာရင်...စာကိုအေးအေးလူလူဖတ်....သန့်ရှင်းတဲ့စာပေကြောင့်
စိတ်ထဲကြည်လာတဲ့အခါ.......ဘာတွေဌာပနာထားမှန်းကျွန်တော်..မသိတဲ့ထုံးစေတီကို....ပရိဘောဂစေတီဆို
တဲ့အသိလေးနဲ့ပဲ......ရတနာသုံးပါးကိုဦးတင်...မိဘတွေဆရာတွေရဲ့ဂုဏ်ကိုနှလုံးသွင်း...တတ်သလောက်မှတ်သ
လောက်....သမထဖြစ်ဖြစ်..၀ိပဿနာဖြစ်ဖြစ်..တစ်နိုင်လေး..မှတ်ရှု...ပြီးတဲ့ခါမှာ......တစ်ရွာလုံးမှအစပြုပြီး
သုံးဆယ့်တစ်ဘုံကို.....ကိုယ့်ရဲ့ ကုသိုလ်ကောင်းမှုနစ်ပဲတစ်ပြား...အမျှဝေလိုက်တာများ....မှတ်မိပါသေးတယ်..
ကြက်သီးတွေတဖျန်းဖျန်းထတဲ့အထိ.....(သရဲအနားဖြတ်သွားတယ်ဆိုလား...ကိုယ့်ကုသိုလ်ကိုယ်ပီတိစိတ်ဖြစ်တာ
လားမသိ)...ဖြစ်မိခဲ့တာ...။ကျွန်တော်ဦးချ၍အမျှဝေရာစေတီသာကို..သြော်...ကျွန်တော်လုပ်အားတွေပါဝင်ဖြစ်
ခဲ့သေးတာပဲ..တစ်မှတ်လောက်တော့ပေးပါဆရာဇော်ဂျီ...။အခုဆို...ရွာကစစ်တပ်ရဲ့ ..လုပ်အားပေးတွေနှိပ်စက်
ပေါ်တာကြေးတွေနှိပ်စက်နဲ့...ရွာသူရွာသူများ...ထုံးသင်္ကန်းလေးမှ...ကပ်ဖြစ်ကြပါသေးရဲ့လား..စိတ်ပူရသေးတယ်
ဒါမှမဟုတ်...တာဝန်ကျစစ်တပ်တွေကပဲ...ခြေကုပ်ယူစခန်းဆောက်ပြီး....ကျင်ကြီးကျင်ငယ်စွန့်ပစ်ရာဖြစ်ပြီလား
တောင်းပန်လျက်ပါဆရာရေ....။။
သစ္စာအရောင်..ဥာဏ်တန်ဆောင်ကတော့ပြောကိုမပြောချင်တော့ပါဘူး.........................ပြောချင်တာတွေများလို့
နားဦးမယ်ဗျာ...................နောက်တော့ဆက်ရေးပါဦးမယ်။